၁။ Linn Gift Card ဆိုတာ ဘာလဲ ?
Linn Gift Card သည် ကြိုတင်ငွေဖြည့်သွင်းပြီး ငွေပေးချေမှုပြုလုပ်နိုင်သည့် ကဒ်ဖြစ်သည်။ ကိုယ်တိုင် အသုံးပြုလို၍ ဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်အား လက်ဆောင်ပေးလို၍ဖြစ်စေ ဝယ်ယူအသုံးပြုနိုင်ပါသည်။
၂။ ဝယ်ယူရရှိနိုင်သည့် နေရာများ
Linn ဆိုင်ခွဲများနှင့် ရုံးချုပ်ပေါင်းလောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။
၃။ အသုံးပြုနိုင်သော နေရာများ
Linn ဆိုင်များရှိ အရောင်းကောင်တာများ၊ Linn Website နှင့် Linn Facebook Messenger များမှ တစ်ဆင့် ဝယ်ယူမှုများတွင် အသုံးပြုနိုင်ပါသည်။
၄။ ငွေထည့်သွင်းခြင်းနှင့် ငွေပေးချေခြင်း
- Linn Gift Card အတွင်းသို့ ငွေဖြည့်သွင်းခြင်းနှင့် ငွေလက်ကျန်စစ်ဆေးခြင်းအတွက် Linn ဆိုင်များရှိ အရောင်းကောင်တာများတွင် အသုံးပြုနိုင်ပါသည်။
- ငွေထည့်သွင်းထားခြင်းနှင့် ငွေပေးချေထားသော အချက်အလက်များ သိလိုမှုအတွက် (၂) လစာ အထိသာ သိရှိနိုင်ပါသည်။
- ငွေဖြည့်သွင်းခြင်းအား အနည်းဆုံး ငွေကျပ် (၂၀,၀၀၀/-) မှ စတင်ပြုလုပ်နိုင်ပါသည်။
- အရောင်းကောင်တာများတွင် ငွေပေးချေခြင်းအတွက် Card ကိုင်ဆောင်လာရန် လိုအပ်ပြီး Online မှ ငွေပေးချေရန်အတွက် Card ID No နှင့် CVC No ထည့်သွင်းပေးရန် လိုအပ်ပါသည်။
၅။ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း
Linn Gift Card ကို အသုံးပြုသည်နှင့် တစ်ပြိုင်နက် Gift Card နှင့်တကွ ပူးတွဲပါရှိသည့် အသုံးပြုသူများ သိရှိလိုက်နာရန် လိုအပ်သော အချက်များနှင့် Gift Card ၏ နောက်ကျောတွင် ပူးတွဲပါရှိသော စည်းကမ်းချက်များအား အသုံးပြုသူများအနေဖြင့် အလိုအလျောက် သဘောတူလက်ခံပြီးဟု မှတ်ယူမည်ဖြစ်ပါသည်။
၆။ စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲပြင်ဆင်ခွင့်
- တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် Linn Gift Card နှင့် ပတ်သက်သည့် မည်သည့် ပြဌာန်းချက်ကိုမဆို ဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် လိုအပ်သလို ပြင်ဆင်ခြင်းများအား Linn IT Solution Co.,Ltd မှ ဆောင်ရွက်ခွင့် ရှိပါသည်။
- Linn IT Solution Co.,Ltd အနေဖြင့် Gift Card နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ရခြင်းများအတွက် ကြိုတင်ထုတ်ပြန်နိုင်ခြင်းမရှိပဲ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ ပြင်ဆင်ပြောင်းလဲဖြည့်စွတ်လိုက်သည့် စည်းမျဉ်းစည်းကမ်းအသစ်များအား ဤစာမျက်နှာတွင် ဝင်ရောက် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
- Linn Gift Card နှင့် ပတ်သက်သည့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Linn IT Solution Co.,Ltd ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
၇။ ခံစားခွင့်
- Linn မှ အခါအားလျော်စွာ ပြုလုပ်သော Linn Gift Card Promotion များအား ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။
- ငွေပေးချေမှုပြုလုပ်တိုင်းအတွက် ရရှိသော Bonus Point များအား အလိုအလျောက် Balance တွင် ပေါင်းထည့်ပေးသွားမည်ဖြစ်ပြီး Bonus Point များအား သုံးစွဲရန်အတွက် သီးသန့်ထပ်မံ လဲလှယ်ရန် မလိုအပ်ပါ။
- Linn Online Shopping မှ ဝယ်ယူမှုများအတွက် Payment Service Fee သက်သာနိုင်မည်ဖြစ်သည်။