Macbook Air 13.3"(i5,8GB,512GB) Silver(MVH42)2020

Availability :
In stock

MMK 2,090,000

Apple ရဲ့ နောက်ဆုံးပေါ် MacBook Air (2020) မှာ CPU အဖြစ် Core i5 (10th Gen) Processor ကိုအသုံးပြုထားပြီး အဆင့်မြင့်ဆော့ဖ်ဝဲတွေကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ဖို့ 3733 MHz ရှိတဲ့ RAM (8GB) ကို တပ်ဆင်ပေးထားပါတယ်။ PCle SSD (512 GB) ကို တပ်ဆင်ထားတာကြောင့် Storage ပိုင်း စွမ်းဆောင်ရည်ဟာ ပိုမိုမြင့်မားလာမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းအတွက်ကိုတော့ Integrated အမျိုးအစား Intel Iris Plus ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ လှပတဲ့ အလူမီနီယမ်ကိုယ်ထည်ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး FaceTime HD Web ကင်မရာ၊ Touch ID နဲ့ Force Touch Trackpad တို့ကိုတပ်ဆင်ထားပါတယ်။ ကီးဘုတ်ကို အဆင့်မြှင့်တင်ပေးထားပြီး Scissor Mechanism နည်းပညာအသုံးပြု Magic Keyboard ကို တပ်ဆင်ထားပါတယ်။ အရောင်အသွေး စိုပြည်လှပတဲ့ True Tone နည်းပညာအသုံးပြု ‘Retina’ Display ကို တပ်ဆင်ပေးထားပြီး 2560×1600 (227 ppi) Resolution ရှိတဲ့အတွက် တစ်ကယ့်ကို ရုပ်ထွက်ကြည်လင်ကောင်းမွန်ပါတယ်။ ငွေရောင်၊ မီးခိုးရင့်ရောင်နဲ့ ရွှေရောင် တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီး အလေးချိန်အားဖြင့် (2.8) ပေါင်သာရှိမှာ ဖြစ်ပါတယ်။ မိမိရဲ့အသုံးပြုပုံအလိုက် (၁၁) နာရီမှ (၁၂) နာရီအထိ ဘတ္ထရီအားခံပါတယ်။ ချိတ်ဆက်မှုအမျိုးမျိုးအတွက် 802.11ac (Wi-Fi) ၊ Bluetooth 5 ၊ Thunderbolt 3 ports (USB-C) နဲ့ Headphone jack တို့ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ MacBook Air (2019) နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီဇိုင်းပိုင်းနဲ့ Display ပိုင်းမှာသာ တူညီပေမဲ့ System ပိုင်းမှာ အတော်လေး ကွာဟသွားတာကို တွေ့ရပါတယ်။ အားကောင်းတဲ့ Processor ၊ RAM တို့နဲ့အတူ ဂရပ်ဖစ်ပိုင်းမှာလည်း ပိုပြီးစွမ်းရည်မြင့်လာပါတယ်။ ပိုပြီး အဆင့်မြင့်တဲ့ Scissor Switch ကီးဘုတ်ကို တပ်ဆင်ပေးထားသလို Storage ပိုင်းမှာလည်း ပမာဏတိုးမြှင့် တပ်ဆင်ထားပါတယ်။ Apple ရဲ့ နောက်ဆုံးပေါ် Advanced Desktop OS ဖြစ်တဲ့ Catalina ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ယခင် မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဈေးနှုန်းကလည်း ပြောပလောက်အောင် ကွာဟမှုသိပ်မရှိဘဲ စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းနေတဲ့အတွက် MacBook အသစ်ဝယ်ဖို့ စဉ်းစားနေသူတွေ လုံးဝရွေးချယ်သင့်တဲ့ MacBook Air (2020) ပဲ ဖြစ်ပါတယ်။

Brand Apple
Color Gold
CPU Intel Core i5
CPU Generation 10th Gen
CPU Speed 1.1GHz
Display Size 13.3"
Resolution 2560 x 1600